
ရွှေဘိုမြို့တွင် မြန်မာ့ရိုးရာအစားအစာမုန့်များ၊ ကိတ်မုန့်၊ ပေါင်မုန့်များအပြင် အချိုတည်း စရာဖြစ်သည့် စလေဘီနှင့် ချစ်တီးမုန့်များကိုလည်း ရောင်းချကြပါသည်။ အချိုမုန့်ဖြစ်သည့် စလေဘီနှင့်ချစ်တီးမုန့်သည်ဂျုံနှင့်သကြားကို အခြေခံ၍ ပြုလုပ်ရသော မုန့်ဖြစ်ကြောင်း၊ စလေဘီနှင့် ချစ်တီးမုန့်များကို (၁)ပိဿာလျှင် (၁၂၀၀ဝိ/-)ကျပ် ဖြင့်ရောင်းချကြောင်း၊ တစ်ဆယ်ကျပ်သား အနည်းဆုံး ဝယ်ယူ၍ရကြောင်း၊ စလေဘီနှင့် ချစ်တီးမုန့်များသည် (၁)ပတ်ကြာထိသာ အထားခံ ကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချသူများ၊ ရွှေဘိုမြို့နှင့် အနီးတဝိုက်ဖြစ်သည့် မြို့များ၊ ကျေးရွာများအပြင် ဆွမ်းကပ်၊ အလှူပွဲနှင့် မင်္ဂလာဧည့်ခံပွဲများမှလည်း လာရောက်၍ ဝယ်ယူကြောင်း၊ ပြန်လည်ရောင်းချသည့်ဈေးသည်များမှ အထုပ်သေးများတွဲ၍ ပြန်လည်ရောင်းချ ကြောင်း စလေဘီနှင့် ချစ်တီးမုန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)