
၁၄.၇.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင် တာဝန်ခံ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးနှင့် အခြားမိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ရှမ်းဈေးအတွင်း ရောင်းချလျက်ရှိသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်၊ ရှမ်းဈေးအတွင်း ရောင်းချ လျက်ရှိသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ/မရှိ၊ အသင့်ဖျော် ကော်ဖီနှင့် လက်ဖက်ရည်ထုပ်တစ်မျိုးချင်းစီအလိုက် ဘေးအန္တရာယ်ဖြစ်နိုင်မှု အခြေအနေ၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံမှု၊ ကြိုတင်သတိပေးချက်မရှိသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)