စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်းကုန်စည်ဒိုင်၏ သီးနှံ အမျိုး အစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍ အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။
ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဇူလိုင်လ ပထမဆုံးပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၁၁၈၃၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၈၀၀၀)တင်း ၊တန်အားဖြင့် (၅၈၈)တန် ၊နှမ်းနက် တစ်တင်းလျှင် (၂၆၁၆၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၃၅၀၀)တင်း တန်အားဖြင့် (၃၃၁)တန် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ပဲ၊နှမ်းဈေးနှုန်းများမှာအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိသည်။
DOCA(စစ်ကိုင်း)