
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ၁၄.၇.၂၀၂၅ ရက်နေ့ နံနက် (၀၈: ၀၀) နာရီတွင် ကျုံစိန်ကျေးရွာအုပ်စု ကွင်းအမှတ် (၃၈၀) ဦးပိုင် အမှတ်(၄၁/၁)တောင်သူ ဦးသိန်းနိုင်၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။အခမ်းအနားတွင် ကျိုက်မရောမြို့နယ် စိုက်ပျိုးရေး ဦးစီးမှုး ဦးလှတင်မောင်က မြို့နယ်၏ သီးနှံစိုကိပျိုး ထုတ်လုပ်မူ အခြေအနေများကို ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်း အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ မျိုးစေ့ချ ကိရိယာ DrumSeeder ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်ဖြင့် ကြဲခင်းထက် မျိုးစေ့နှုန်းထားလျော့ချနိုင်ခြင်း၊ ပျိုးနှုတ်ရန် မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ အမြစ်ကြီးထွားမှု ဖွံဖြိုးမှု စောစီးစွာ ရရှိစေခြင်း၊ ရေကြီးနှစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ် ပိုမိုခိုင်နိုင်ရည်ရှိခြင်း၊ အသုံးပြု မြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမို ကြာမြင့်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေ မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး မှူးထံမှ သိရသည်။ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ တောင်သူများ စုစုပေါင်း အင်အား (၈၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
DOCA (မွန်)