
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်အတွင်း စွမ်းရည် ကုန်စုံဆိုင်သို့ ( ၁၀.၇.၂၀၂၅ ) ရက်နေ့တွင် စားသုံးဆီအမျိုးမျိုးတွင် မြန်မာစာဖြင့်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ကလေးမြို့နယ်တာဝန်ခံ ဒေါ်စန္ဒာမွန်မှ ဦးဆောင်၍ ဇူလိုင်လအတွင်း ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအစားဖြစ်သည့် စားသုံးဆီအမျိုးမျိုးတွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့် စားသုံးဆီများကိုသာ ရောင်းချရန်နှင့် စားသုံးဆီများကိုလည်း ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ပါသည်။
DOCA(စစ်ကိုင်း)