
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြေ ၁၁၀¢×၇၀¢ အား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ၃ နှစ်သက်တမ်း ၁ နှစ်တစ်ကြိမ်စာချုပ်ဖြင့် ငှားရမ်းမည်ဖြစ်ပါသည်။
အဆိုပါမြေအား ၁၄.၇.၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုလျှောက်လွှာ ဝယ်ယူ ရမည်ဖြစ်ပါသည်။ အဆိုပြုလွှာနှင့်အတူ မိမိဌာနမှ ငွေစာရင်းဖွင့်လှစ်ထားသည့် မြန်မာ့ စီးပွားရေးဘဏ်တွင် စပေါ်ငွေပေးသွင်းထားသော P.O Cheque ပူးတွဲတင်ပြရပါမည်။ တင်ဒါ ယှဉ်ပြိုင်ရမည့်နေ့ကို ထပ်မံအကြောင်းကြားပါမည်။
စိတ်ဝင်စားသူများသည် သတ်မှတ်ရက်အတွင်း အဆိုပြုလျှောက်လွှာ ဝယ်ယူနိုင်ပြီး ၎င်းရက်ထက်ကျော်လွန်ပါက လျှောက်လွှာများကို ရောင်းချမည်မဟုတ်ကြောင်း ကြေငြာအပ်ပါသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၇၁-၂၁၀၂၀ နှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာမြို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
DOCA ( စစ်ကိုင်း )