
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင် ကျွဲကောသီးများ ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာဒေသဖြစ်ပါသည်။ ကျွဲကောသီး (အဖြူရောင်)နှင့်ကျွဲကောသီး(ပန်းရောင်)ဟူ၍(၂)မျိုးရှိသည်။
မွန်ပြည်နယ်ထွက် ကျွဲကောသီး(အဖြူရောင်)သည် ချိုချဉ်အရသာ၊ ကျွဲကောသီး (ပန်းရောင်)သည် ကျွဲကောသီး(အဖြူရောင်)ထက် အသားပိုမိုနူးညံ့ကာ အချိုဓာတ်ပိုကဲသည်။ ကျွဲကောသီး ကိုစားသုံးရာတွင် သူ့ချည်းအစိပ်လိုက်အခွံနွှာ၍ စားကြသည့်အပြင် ဖျော်ရည်အဖြစ် လည်းဖျော်သောက်ကြပါသည်။ အချဉ်ဓာတ်ကဲသောကျွဲကောသီးကို သကြား သို့မဟုတ် ပျားရည် သို့မဟုတ် နွယ်ချိုမှုန့်၊ ဆားအနည်းငယ်နှင့် ငရုတ်သီးမှုန့်တို့နှင့်ရောစပ်၍ စားကြသည်။ ကျွဲကောသီးတွင်ပါဝင်သည့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ကယ်ဆီယမ်၊ ဗီတာမင်စီအလွန်ကြွယ်ဝသောကြောင့် ဝမ်းမှန်သည်၊ ဖျားနာမှုမှကာကွယ်ရန် အထောက်အကူပြု၍ သက်သာစေသောဓာတ်စာအာဟာရဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၆၅၀၀) ကျပ် အထိ ရောင်းချလျက်ကြောင်း ကျွဲကောသီး ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)