
ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့ တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက်နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထွက်ရှိ သည့်မြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့် စားဆီ တင်သွင်းမှု လျော့ချနိုင်ရန်အတွက် နိုင်ငံတော်မှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လ တတိယပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ(ဂျပန်) ၃၆၅၀၀၀ ကျပ်နှင့် ၃၈၀၀၀၀ကျပ်၊ နှမ်းဖြူ (ဗမာ) ၃၀၀၀၀ဝ ကျပ်နှင့် ၃၁၅၀၀ဝ ကျပ်၊ပန်းနှမ်း ၃၁၅၀၀၀ ကျပ်နှင့် ၃၂၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာ နှမ်းဖြူ(ဂျပန်) ၈၁၁၁ ကျပ်နှင့် ၉၀၀၀ ကျပ်၊ နှမ်းဖြူ (ဗမာ)၆၆၆၇ ကျပ်နှင့် ၇၀၀၀ ကျပ်၊ ပန်းနှမ်း ၇၀၀၀ ကျပ်နှင့် ၇၁၁၁ ကျပ်စျေးတို့ဖြစ် ပေါ်လျက် ရှိကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၂၈၉ ကျပ်နှင့် ၉၃၃၃ ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၈၅၅၆ ကျပ်နှင့် ၈၇၇၈ ကျပ်၊ နှမ်းညို ၇၁၁၁ ကျပ်နှင့် ၇၂၂၂ ကျပ်၊ ပန်းနှမ်း ၄၅၅၆ ကျပ် တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်လျော့ နည်းသွားကြောင်း သိရပါသည်။
DOCA(မန္တလေး)