
ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်သို့ ရှမ်းပြည်နယ်မှ အများအပြား ဝင်ရောက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့မှလည်းဝင်ရောက်လျက်ရှိကြောင်း သိ ရပါ သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု ၃၆၆၂၂ ဧက၊ ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊ အထွက်တင်း စုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင်၂၀၂၅ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်းဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာ ၃တင်းဝင်တစ်အိတ်လျင်ပြောင်းဖူးစေ့(ဗမာ) ၈၅၀၀၀ ကျပ်နှင့်၈၆၀၀၀ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)၈၇၀၀၀ကျပ်နှင့်၈၈၀၀၀ကျပ်၊ပြောင်းဖူးစေ့(စီပီ) ၈၇၀၀၀ကျပ်နှင့်၈၈၀၀၀ ကျပ်၊တစ်ပိဿာစျေးအနေဖြင့်ပြောင်း ဖူးစေ့(ဗမာ)၁၅၇၄ ကျပ်နှင့်၁၅၉၃ ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း)၁၆၁၁ကျပ်နှင့် ၁၆၃၀ကျပ်၊ပြောင်းဖူး စေ့(စီပီ)၁၆၁၁ကျပ်နှင့်၁၆၃၀ ကျပ် စျေးတို့ဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့ (ဗမာ) ၁၂၀၄ကျပ်နှင့်၁၂၂၂ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)၁၃၁၅ ကျပ် နှင့် ၁၃၃၃ ကျပ်၊ ပြောင်းဖူးစေ့(စီပီ)၁၂၇၈ ကျပ်နှင့်၁၂၉၆ကျပ်တို့ ဖြစ်ကြောင်း သိရပါသည်။ယခုနှစ် စေျးနှင့်ယခင်နှစ်ကာလတူစျေး နှိုင်းယှဉ် ပါက တစ်ပိဿာလျှင် ၃၀၀ ကျပ်အထက်ပိုမိုရရှိ ကြောင်း သိရပါ သည်။
DOCA(မန္တလေး)