Main menu

မန္တလေးမတ်ပဲစျေးနှုန်းစျေးကွက်

Powered by Drupal

    ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့် စျေးကွက်ဝင်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်မတ်ပဲ သီးနှံစိုက်ပျိုးမှု (၃၂၁၄၂)ဧက၊ရိတ်သိမ်း(၁၀၄၉၅)ဧက၊အထွက်နှုန်း (၁၂.၆၅)တင်းနှင့် အထွက် (၁၃၂၇၀၉) တင်း ဖြစ်ကြောင်းသိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်း တွင် ၂၀၂၅ ခုနှစ်ဇူလိုင်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် မတ်ပဲ(ကျောက်စရစ်)၂၈၂၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ၄၇၀၀ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ(ဟောင်း)၄၈၃၃ကျပ်နှင့် ၅၀၀၀ကျပ်၊မတ်ပဲ(ရေသွင်း) ၄၂၅၀ ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက မတ်ပဲစျေးမှာ စေျးအနည်းငယ်လျော့နည်းကြောင်း သိရပါသည်။

DOCA(မန္တလေး)