
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့(၁၃:၂၅)နာရီချိန်၌ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ နယ်အတွင်၊ ညောင်ဦးခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တား ဆီးကာကွယ်ရေးအဖွဲ့သို့ လျှောက်ထားလာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ သိုလှောင်ဖြန့်ဖြူးခြင်း နှင့် လက်ဝယ်အသုံးပြုခြင်း ၊ ဘက်ထရီနှင့်အက်စစ်ကွန်ပေါင်းရောင်းဝယ်ရေး လုပ်ငန်းလိုင်စင် (သက်တမ်းတိုး) လျှောက်ထားမှုများနှင့်ပတ်သက်၍ ခရိုင်မူး/စိတ်/တားအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲ တပ်ဖွဲ့မှူး၊ဒုတိယရဲမှူးကြီးအေးမင်းစိုး (အဖွဲ့ခေါင်းဆောင်) ဦးဆောင်၍ သက်ဆိုင်ရာဌာနများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် မြို့နယ်မူး/စိတ်/ တားအဖွဲ့တို့ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာ ကွယ်ရေးပူးပေါင်းအဖွဲ့များသည် ထိန်းချုပ်ဓာတုပစ္စည်းများ သိုလှောင်ဖြန့်ဖြူးခြင်းနှင့် လက်ဝယ် အသုံးပြုခြင်း ၊ ဘက်ထရီနှင့်အက်စစ်ကွန်ပေါင်း ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်(သက်တမ်းတိုး) လျှောက်ထားသည့် လုပ်ငန်းများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှုရှိ/ မရှိ၊ ရောင်းချမှုမှတ်တမ်းအား သတ်မှတ်ချက်နှင့်အညီ အစီရင်ခံတင်ပြမှုရှိ/မရှိ၊ တရားမဝင်လုပ်ငန်း များသို့ ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို အကြံပြုမှာကြားဆောင် ရွက်ခဲ့ရာ ( ၁၅ : ၂၅ ) ချိန်တွင် ပြီးစီးခဲ့ကြောင်းသိရသည်။
DOCA(မန္တလေး)