Main menu

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်းကို (၂၀၂၅-၂၀၂၈) ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ် ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(SSSCCI)   အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။  

   အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်ရှင်များအသင်း အလုပ်အမှုဆောင်များ၊ ဆန်စက် လုပ်ငန်းရှင်များ စုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြားရေးမှူး)က ရှမ်းပြည်နယ်အတွင်း ဖွဲ့စည်းထားရှိသည့် အသင်းအဖွဲ့များ၊ အစုအဖွဲ့များအခြေအနေ၊ အသင်းဖွဲ့စည်းခြင်း၏ အကျိုးရလဒ်များကိုလည်းကောင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၏(၂၀၂၂-၂၀၂၅)သက်တမ်းဥက္ကဌ ဦးရဲထွန်းမှ အသင်းပြန်လည် ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်များ၊ ဖွဲ့စည်းပုံနည်းစနစ်များ၊ ရွေးချယ်ပုံများကို လည်းကောင်း၊ အတွင်းရေးမှူးမှ(၂၀၂၂-၂၀၂၅)သက်တမ်းကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူးမှ(၂၀၂၂-၂၀၂၅)သက်တမ်းကာလအတွင်း ဘဏ္ဍာရေးရှင်းတမ်း များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။     ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် အလုပ်အမှုဆောင်များကို မဲပေးစနစ်ဖြင့် ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ အလုပ်အမှုဆောင်အသစ်များကို နာယကအပါအဝင်(၂၁)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)