Main menu

ကြို့ပင်ကောက်မြို့နယ်ရှိ လမင်းစန္ဒာဆန်စက်သို့ကွင်းဆင်းခြင်း

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ စက်တိုင်ကုန်ရပ်ကွက်၊ ရန်ကုန်ပြည်ကားလမ်းဘေးရှိ လမင်းစန္ဒာဆန်စက်သို့ ၂၂.၇.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းနှစ်ဦးတို့သည် ဆန်စက် လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

    လုပ်ငန်းရှင်နှင့်တွေ့ဆုံရာတွင် ယခုကြိတ်ခွဲသော စပါးအမျိုးအစားအနေဖြင့် ဆင်းသုခ၊ ရတ နာတိုး၊ကရင်မစပါးဟောင်းများကို ကြိတ်ခွဲလျက်ရှိပြီး ဆန်စက်အထိုင်မြို့တွင်းတွင်သာ လက်လီ ရောင်းချကြောင်းဆန်တစ်အိတ်လျှင် ၆၅၀၀၀/၇၀၀၀၀/ကျပ်ဖြစ်ကြောင်း လျှပ်စစ်မီးလာလျှင်လည်း တစ်နေ့ကို အိတ်၉၀/၁၀၀/ခန့် ကြိတ်ခွဲရပြီး အလုပ်သမား(၅)ယောက်နှင့်ပုံမှန်ကြိတ်ခွဲ လည်ပတ် လျက်ရှိကြောင်း၊စပါးလက်ကျန်အနေဖြင့် စပါးတင်း ၅၀၀၀ခန့်၊ဆန်လက်ကျန်အနေဖြင့် အိတ် ၄၀၀ ခန့်ရှိကြောင်း အရောင်းအဝယ်အနေဖြင့် ပုံမှန်ရောင်းဝယ်ရပါကြောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ပဲခူး)