
MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့တော်အစိုးရမှ အလေးထားဆောင် ရွက်လျက်ရှိရာ သာယာဝတီခရိုင်အတွင်း မြို့နယ်များတွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးပြီး၊ သာယာဝတီခရိုင်၏ ချေးငွေရယူထား သောစီးပွားရေးလုပ်ငန်းများမှာ သာယာဝတီမြို့တွင် လုပ်ငန်း(၅)ခု၊ချေးငွေ သိန်း(၁၈၀) ကျပ်၊လက် ပံတန်းမြို့နယ်တွင် လုပ်ငန်း(၆)ခု၊ချေးငွေ သိန်း (၃၃၀) ကျပ်၊မင်းလှမြို့နယ်တွင် လုပ်ငန်း(၃)ခု၊ချေး ငွေသိန်း(၁၆၀) ကျပ်၊ အုတ်ဖိုမြို့နယ်တွင် လုပ်ငန်း(၇)ခု၊ ချေးငွေ (၂၇၀)ကျပ်၊ ကြို့ပင် ကောက်မြို့နယ်တွင် လုပ်ငန်း(၃)ခု ချေးငွေ သိန်း (၃၆၀)ကျပ်၊စုစုပေါင်းလုပ်ငန်း (၂၄)ခု၊ချေးယူငွေ သိန်းပေါင်း (၁၃၀၀) ကျပ်ကို ချေးငွေရယူထားပြီး၊ ချေးငွေရရှိပြီးနောက် အဆိုပါလုပ်ငန်းများမှာ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ကုန်ကြမ်းပစ္စည်းများ ဝယ်ယူသိုလှောင်ခြင်းတို့ကြောင့် စီးပွားရေး လုပ်ငန်းများ အဆင်ပြေလျက်ရှိကာ ယခုအခါချေးငွေ သက်တမ်း(၁)နှစ်ပြည့်မြောက်၍ ဇူလိုင်လ အတွင်းတွင် အရင်းငွေသိန်းပေါင်း (၁၃၀၀) ကျပ်အား လုပ်ငန်းရှင်များမှ အကြေပေးဆပ်ပြီး အတိုးနှုန်းများကိုလည်း ပြန်လည်ပေးဆပ်ပြီး ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)