Main menu

စက်သုံးဆီဈေးနှုန်းများ မြှင့်တက်လျှက်ရှိ

Powered by Drupal

            လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှ ( ၁၄ )ဆိုင်ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီဈေးနှုန်းများမှာ ယခုဩဂုတ်လဒုတိယပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၆၃၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၇၁၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၃၃၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၃၉၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဩဂုတ်လပထမပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၂၂၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၂၈၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၉၀၅)ကျပ် နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၉၇၅) ကျပ်ရှိခဲ့ပြီး ယခင်အပတ်နှင့်ယခုအပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ် ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၄၁၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၄၃၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၄၂၅) ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာ ကို(၄၂၀)ကျပ် ထိ ဈေးနှုန်း များမြှင့်တက်လာကြောင်း ၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်း တိုးမြင့်လာခြင်း၊ သယ်ယူသည့်စရိတ်စကများ  ကြောင့်ဖြစ်သည် ဟုသိရှိရ ပါသည်။

DOCA(ကယား)