Main menu

မကွေးမြို့၊ မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် မြို့နယ်သာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ်စတစ်မသုံးစွဲရနေ့ဟု သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရာ (၁၄.၇.၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ စည်ပင်သာယာ ရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် စျေးကော်မတီဝင်များပူးပေါင်း၍ မြို့မစျေးအတွင်း ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချ ခြင်းမရှိစေရေးနှင့် ပလတ်စတစ်အိတ်အစား စက္ကူအိတ်၊ အင်ဖက်များ၊ ငှက်ပျောဖက် များဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
    ဆက်လက်၍ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးရန်မသင့် တားမြစ်ထားသောကုန်စည်များ၊ သက်တမ်းလွန်နှင့်မှိုတက်နေသောကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြမထားသောကုန်စည်များ ရောင်းချ မှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)