Main menu

စီးပွားရေးဝန်းကျင်ကောင်းများရရှိဖို့ စားသုံးသူကာကွယ်ရေးဥပဒေအား အသိပညာပေးကြစို့

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် (၁၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ် ရေးဥပဒေပါ ပြဌာန်းချက်များအား  လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်း စေရန် ရည်ရွယ်၍ မြေပဲဆုံဆီ၊ ကိတ်နှင့်မုန့်မျိုးစုံ ပဲကြီးလှော်လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

      စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ ထုတ်လုပ်သောကုန်စည် အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထား နိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် သက်ဆိုင် ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက် များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေသည့် ကုန်စည်ကို တိုက်ရိုက် ရောင်းချခြင်း(သို့) သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ရန်နှင့် အာမခံပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးရန်စသည့်အချက်များမှာ မိမိတို့၏ တာဝန်များ ဖြစ်သောကြောင့် တိကျစွာ လိုက်နာဆောင်ရွက်စေလိုကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များပိုမိုရရှိလာနိုင်ကြောင်း၊ မိမိတို့ဌာနမှ စစ်ဆေးရေး အရာရှိများမှလည်း ဈေးကွက်စောင့် ကြည့်စစ်ဆေးပေးလျက်ရှိပြီး  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ထုတ်ကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်အောင် ဖယ်ရှားသွား မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)