
၁၇.၇.၂၀၂၅ ရက်နေ့ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုတ်အမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သထုံမြို့နယ်၊ မြို့မဈေးအတွင်း ရောင်းချ လျက်ရှိသော အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုတ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုတ် တစ်မျိုး ခြင်းစီအလိုက် ဘေးအန္တရာယ်ဖြစ်နိုင်မှုအခြေအနေ၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံမှု၊ ကြိုတင်သတိပေးချက်မရှိသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုတ်အမျိုးမျိုးတို့အား ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)