Main menu

ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့၊ အေးရိပ် ငြိမ်းရပ်ကွက်၊ ဖြိုးအိစံ (စားသောက်ဆိုင်)အား  ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ အစားအသောက်‌ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းအား ကွင်း ဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ဖြိုးအိစံ(စားသောက်ဆိုင်)အား ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက် ရောင်းချသည့်နေရာတွင်သန့်ရှင်းခြင်း၊ အစားသောက်ကိုင်တွယ်ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှု ပေးသူများသည် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်း၊ အစားသောက်များလတ်ဆက်သန့်ရှင်းမှုရှိခြင်း၊ အစားသောက်စျေးနှုန်းအားပွင့်လင်းမြင်သာစွာအသိပေးဖော်ပြထားခြင်း စသည်တို့ကို စစ်ဆေး တွေ့ရှိခဲ့ပါကြောင်း သိရှိရပါသည်။

   စစ်ဆေးရေးအဖွဲ့များသည် စားသောက်ဆိုင်အား မိမိတို့ဆိုင်များမှ ပေးအပ်သည့်ဝန် ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ စားသုံးသူအခွင့်အရေးအပြည့်အဝ မရရှိခဲ့လျှင် စားသုံးသူ ကာကွယ်ရေးဥပဒေအပြင် အခြားသက်ဆိုင်ရာဌာနများ၏ ဥပဒေပါ ထပ်မံအ‌ရေးယူရမည် ဖြစ်ပါ ကြောင်း   ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)