Main menu

ကျိုက်မရောမြို့နယ်၌ ငွေကြေးဝန်ဆောင်မှုနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

Powered by Drupal

  ၁၆.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ငွေကြေးဝန်ဆောင်မှုနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     ဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက “Talk Show” ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီက ငွေကြေး ဝန်ဆောင်မှုနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ စားသုံးသူပြည်သူ များရင်ဆိုင်ကြုံတွေ့နေရသည့်အချက်များ၊ အွန်လိုင်းတွင်ဝယ်ယူခြင်းမပြုမီ သတိပြုရမည့် အချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာနှင့် နည်းလမ်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)