Main menu

မွန်ပြည်နယ်၏ ဇူလိုင်လ တတိယပတ်တွင် ကွမ်းသီးဈေးနှုန်းမြင့်တက်

Powered by Drupal

   မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းများ မှာ ဇူလိုင်လ တတိယပတ်တွင် မော်လမြိုင် အညိုသီး (အသန့်) တစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ ရေးသီး (အသန့်) တစ်ပိဿာလျှင် ၂၃၅၀၀ ကျပ်ဖြစ်သည်။

   ယခင် ဇွန်လနောက်ဆုံးပတ်တွင် မော်လမြိုင် အညိုသီး (အသန့်) တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) တစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊ ရေးသီး (အသန့်) တစ်ပိဿာလျှင် ၂၂၅၀၀ ကျပ် ယခင်လထက်ဈေးနှုန်းမြင့်တက်လာကြောင်း ကွမ်းသီးရောင်းဝယ်သူများထံမှ သိရှိရပါသည်။

DOCA (မွန်)