Main menu

ဇူလိုင်လ(တတိယပတ်)၌ မော်လမြိုင်ငါးဒိုင်မှ ငါးဈေးနှုန်းအခြေအနေ

Powered by Drupal

   မွန်ပြည်နယ်သည် မြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းရိုးတန်းဖြစ်သောကြောင့် ပင်လယ်ငါး၊ ရေချို၊ ရေငံငါးများ ပေါများသည်။ ပင်လယ်ကမ်းဝေးကမ်းနီး စက်လှေနှင့် တစ်နိုင် လုပ်စားကြသောငါးလှေတို့မှ ရရှိသည့်ငါးများကို မော်လမြိုင်ဒေသ ငါးဒိုင်သွင်း၍ ငါးမျိုးစုံကို လက်လီ/လက်ကား အရောင်းအဝယ် ရှိသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် ရေထွက်ငါး ဈေးနှုန်းအခြေအနေမှာ ပလာတူး တစ်ပိဿာလျှင် ကျပ် ၉၂၀၀၊ ပလာလန်း တစ်ပိဿာလျှင် ကျပ် ၁၅၅၀၀၊ ရွှေငါး တစ်ပိဿာလျှင် ကျပ် ၉၅၀၀၊ ငါးနှပ် တစ်ပိဿာလျှင် ကျပ် ၄၂၀၀၊ ငါးမုတ်မဲ တစ်ပိဿာလျှင် ကျပ် ၁၃၅၀၀၊ ငါးကွမ်းရှပ် တစ်ပိဿာလျှင် ကျပ် ၁၄၈၀၀၊ ငါးရွှေကြီး တစ်ပိဿာလျှင် ကျပ် ၁၅၇၀၀၊ ငါးပျက် တစ်ပိဿာလျှင် ကျပ် ၁၁၀၀၀၊ ငါးပူတင်း တစ်ပိဿာလျှင် ကျပ် ၉၀၀၀ ဖြစ်ကြောင်း ငါးဒိုင်မှ  သိရှိရသည်။

DOCA (မွန်)