
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကား ဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။မော်လမြိုင်မြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခု ဇူလိုင်လ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၇၇၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၄၂၀) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာလျှင် (၃၀၅၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၃၁၁၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခင် ဇွန်လ နောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၈၂၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၄၇၅) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၂၃၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၃၀၀) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် ဇွန်လ နောက်ဆုံးအပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ယခု ဇူလိုင်လ တတိယအပတ်တွင် ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၄၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၅၅) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာလျှင် (၁၇၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၉၀) ကျပ် ဈေးနှုန်းအသီးသီး ကျဆင်းလျှက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။
DOCA (မွန်)