
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို ယခင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်း များမှာ ဖရဲသီး အကြီး တစ်လုံးလျှင်(၆၅၀၀)ကျပ်၊ ဖရဲသီး အလတ် တစ်လုံးလျှင်(၅၀၀၀)ကျပ်နှင့် ဖရဲသီး လက်လီ အသေး တစ်လုံးလျှင်(၃၅၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင်(၃၀၀)ကျပ် (၂)စိတ်လျှင် (၅၀၀)ကျပ်ဈေး၊ ဒူးရင်းသီး အကြီး တစ်လုံးလျှင်(၅၀၀၀၀)ကျပ်၊ ဒူးရင်းသီး အလတ် တစ်လုံးလျှင် (၃၅၀၀၀) နှင့် ဒူးရင်းသီး အလုံးသေး တစ်လုံးလျှင် (၃၀၀၀၀)ကျပ် ၊ ကြက်မောက်သီးလတ်(၁)လုံးလျှင် (၂၅၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၄၀၀)ကျပ်နှင့် (၁၁)လုံးလျှင် (၄၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ မင်းကွတ်သီး (၁)လုံးလျှင် (၄၀၀)ကျပ်၊ (၁၁)လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၌ သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
Doca(စစ်ကိုင်း)