Main menu

“စားအုန်းဆီများ လက်လီလက်ကားဖြန့်ဖြူးရောင်းချမှုအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

Powered by Drupal

              ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဆောင်သောဝန်ထမ်းများ သည် (၆-၈-၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့၊အေးမြကြည်လင်စျေး နှင့် လေးမျက်နှာဘုရားဝန်း တို့တွင် နေလသုခဆီဆိုင်မှ စားသုံးသူပြည်သူများထံသို့ စားအုန်းဆီများအား လက်လီ ၊ လက်ကား ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း များဆောင်ရွက်ခဲ့ပါသည်။ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ကမိမိတို့ဝန်ကြီးဌာနမှစားသုံးဆီတင်သွင်း၊ သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများအား သတ်မှတ် အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊စားသုံးသူပြည်သူများကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊စျေးနှုန်းတည်ငြိမ်စွာဖြင့်ဝယ်ယူစားသုံးနိုင်စေရေးတို့ အတွက်ကြီးကြပ် ထိန်းကျောင်းလျှက်ရှိကြောင်း၊ ယခုဝယ်ယူခွင့်ရရှိသည့် ကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်စျေး ရည်ညွှန်း လက်ကားစျေးနှုန်းအပေါ်  သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂% အမြတ်ထက် မပိုသော စျေးနှုန်းဖြင့်ရောင်းချရမည်ဖြစ်ပြီး စျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းချစေရေး ၊ စျေးနှုန်း အဆမတန်မြှင့်တင် ရောင်းချ ခြင်းများမပြုလုပ်စေရေးတို့အတွက် မိမိတို့အဖွဲ့မှကွင်းဆင်းပြီး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ် ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည် ။ ကျောက်ဆည်မြို့ရှိ စားသုံးဆီ ဝယ်ယူခွင့်ရရှိသူ ဦးပေါ်လာမှ ကျောက်ဆည်မြို့ ၊ အေးမြကြည်လင်စျေးနှင့်လေးမျက်နှာ ဘုရားဝန်းတို့တွင် စားသုံးသူပြည်သူများ အားစားအုန်းဆီ(၁)ပိဿာလျှင်(၆၁၀၀/-) ကျပ်နှုန်းဖြင့် ရောင်းချခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)