
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာ သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။ မုံရွာမြို့ပေါ်ရှိ ကျေးရွာများ နှင့် အခြားကျေးရွာများတွင် ကန်စွန်းရွက်များကို စိုက်ပျိုးကြပြီး မန်ကျဉ်းပင်ဈေးနှင့်သာစည် ဈေးများတွင် ရောင်းချကြကြောင်း သိရှိရပါသည်။
ကန်စွန်းရွက်ကို ဟင်းချက်ပြုတ်ရာတွင်လည်ကောင်း၊ အထောင်းစုံရောင်းသည့် ဆိုင်များနှင့် စားသောက်ဆိုင်များမှ ဝယ်ယူကြသဖြင့် ကန်စွန်းရွက်များ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကုန်စိမ်းရောင်းသူထံမှ သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် ကန်စွန်းရွက် (၁)စည်းလျှင် ( ၃၀၀ )ကျပ်မှ (၂)စည်းလျှင်(၅၀၀)ကျပ် ရောင်းချလျက်ရှိရာ ယခု ဇူလိုင်လတတိယပတ်တွင် ကန်စွန်းရွက် (၁)စည်းလျှင်(၂၀၀)ကျပ်၊ (၃)စည်းလျှင်(၅၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။
Doca(စစ်ကိုင်း)