Main menu

“ကြက်သွန်နီစျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် ကြက်သွန်နီကုန်စည်များနေ့စဉ် စီးဝင်စီးထွက်ရောင်းဝယ်လျှက်ရှိရာ ကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်တွင် အကြီးတစ်ပိသာလျှင် (၂၀၀ဝိ/-)ကျပ်၊ အလတ်တစ်ပိသာလျှင် (၁၉၀ဝိ/-)ကျပ်နှင့် အသေးတစ်ပိသာလျှင်(၁၈၀ဝိ/-)ကျပ် ဖြင့်ရောင်းဝယ်လျှက်ရှိပြီး ယခုအပတ်တွင် ကြက်သွန်နီအကြီးတစ်ပိသာလျှင် (၂၀၀ဝိ/-)ကျပ် ၊ အလတ်တစ်ပိသာလျှင်(၁၉၀ဝိ/-)ကျပ် နှင့် အသေးတစ်ပိသာလျှင်(၁၈၀ဝိ/-)ကျပ်ဖြင့် ရောင်းဝယ် လျှက်ရှိပြီးဈေးနှုန်းအနေဖြင့် ကျဆင်းခြင်းမရှိဘဲ ပုံမှန်အတိုင်း ရောင်းဝယ်လျှက်ရှိကြောင်း ၊ လတ်တလောကြက်သွန်နီဈေးမှာ တောဝယ်ဂျွန်တစ်ပိသာလျှင်(၁၅၀ဝိ/-)ကျပ်ဖြင့် ရောင်းဝယ်လျှက် ရှိပါသည်။ တောင်သူများမှာ ကြက်သွန်နီဈေးနှုန်းကို ယခုဈေးထက်ပိုမိုမျှော်မှန်းထားသောကြောင့် တောဝယ်(၁၅၀ဝိ/-)ဈေးကို ယခုအချိန်တွင် ရောင်းဝယ်မှုမပြုဘဲ တောင်သူများအနေဖြင့် ထွက်ရှိမှု ၏ ၂၀% ခန့်အား လှောင်ထားလျှက်ရှိကြောင်း၊ ယခင်နှစ်တွင် တောင်သူများအနေဖြင့် ကြက်သွန်နီ စိုက်ပျိုးမှုအား သြဂုတ်လ၊စက်တင်ဘာလများတွင် စတင်၍ပျိုးထောင်ကြသော်လည်း ယခုနှစ်တွင် ဈေးကွက်အမြင်ဖြင့် ဇူလိုင်လ လဆန်းပိုင်းမှစတင်၍ ကြက်သွန်နီများအား စိုက်ပျိုးရန်အတွက်ပျိုး ထောင်လျှက်ရှိပါသည်။ကြက်သွန်နီအား ရက်ပေါင်း(၄၅)ရက်ကြာအောင် ပျိုးထောင်ရပြီးပြန်လည်၍ စိုက်ပျိုးရပါသည်။ စိုက်ပျိုးပြီးရက်(၉၀)ကြာလျှင် ကြက်သွန်များစတင်ထွက်ရှိလာတော့မည်ဖြစ်ရာ  ယခင်နှစ်တွင် ဒီဇင်ဘာလတွင် ထွက်ရှိသော်လည်း ယခုကြက်သွန်စိုက်ပျိုးရာသီတွင် အောက်တိုဘာ၊ နိုဝင်ဘာလဆန်းတွင် ထွက်နိုင်ကြောင်း၊ ကြက်သွန်နီမျိုးအနေဖြင့် ရွှေဖလားမျိုးအားစိုက်ပျိုးပြီး တစ်ပြည်လျှင်(၈၀၀၀ဝိ/-)ကျပ်ဖြင့်ဝယ်ယူရပါကြောင်း၊ယခုနှစ်တွင် ကြက်သွန်နီ စိုက်ပျိုးမှုအနေဖြင့် ဈေးနှုန်းဈေးကွက်ကိုမျှော်မှန်းပြီးစောစောစိုက်ပျိုးမှာဖြစ်ကြောင်း၊ မြစ်သားမြို့နယ်ရှိ ကြက်သွန်စိုက် တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)