Main menu

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းများကွင်းဆင်း စစ်ဆေးခြင်း”

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဇွန်လ(၁၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း အခြေခံစားသောက်ကုန် ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစိစစ်ခဲ့ကြ ကြောင်း သိရှိရသည်။  ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပါဝင်သော ပူးပေါင်း အဖွဲ့ ဖြင့် အခြေခံစားသောက်ကုန် ရောင်းချသော ဦးအောင်ပု(၂) ကုန်မျိုးစုံရောင်းဝယ်ရေးနှင့် ဒေါ်ကြည်ကြည်သန်း ကုန်စုံဆိုင်တို့မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်ပု၊ ငရုပ်ရှည်၊ အာလူး၊ ကုလားပဲ၊ ဆား၊ သကြားဈေးနှုန်းများကိုလည်းကောင်း၊ ဆရာမ မုန့်ဖတ်၊ ငံပိရောင်းဝယ်ရေးမှ ငံပိဈေးနှုန်းကိုလည်းကောင်း၊ ဒေါ်နှင်းဝေဦးဆိုင်မှ ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများကိုလည်းကောင်း၊ ကြက်သားဈေးနှုန်းကို ဒေါ်စန္ဒာဆိုင်မှလည်းကောင်း၊ ဝက်သားဈေးနှုန်းကို ဦးကုလားဆိုင်မှ လည်းကောင်း၊ အမဲသားဈေးနှုန်းကို ဦးကျော်လေးဆိုင်မှလည်းကောင်း၊ ငါးကြင်း၊ ငါးမြစ်ချင်း ဈေးနှုန်းများကို ဒေါ်မာမာလွင်ဆိုင်မှလည်းကောင်း၊ စားအုန်းဆီ၊ မြေပဲဆီဈေးနှုန်းကို ဒေါ်ရီရီဆန် ဆိုင်မှလည်းကောင်း ကွင်းဆင်းစုံစမ်းခဲ့ကြရာ ယခင်တစ်ပတ်ဈေးနှုန်းများနှင့် ကွာခြားမှုမရှိ ကြောင်း တွေ့ရှိခဲ့ကြသည်။  ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အခြေခံ စားသောက်ကုန်များသည် စားသုံးသူများ နေ့စဉ်မရှိမဖြစ် ဝယ်ယူသုံးစွဲနေရသည့် ကုန်စည်များ ဖြစ်ခြင်းကြောင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးတို့ကို ရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)