
ဇူလိုင်လတတိယပတ်တွင် ပြည်မြို့နယ်ထွက် ပြောင်းဖူးများကိုရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချမှုရှိပြီး ပြည်မြို့နယ်အတွင်းရောင်းချနေသောပြောင်းဖူးများကို ပုတီးကုန်း၊သဲကုန်း မြို့နယ် များမှ တင်ပို့ရောင်းချလျက်ရှိပါသည်။ ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ပြောင်းဖူးစိမ်း တစ်ဖူးလျှင်အကြီး၊အသေးပေါ်မူတည်၍ ရောင်းချလျက်ရှိပါသည်။ ပြောင်းဖူးအဖြူတစ်ဘူးလျှင် (၈၀၀-၁၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိ ပြီးသကြားပြောင်းအစိမ်းတစ်ဖူးလျှင် အကြီး၊ အသေး ပေါ်မူတည် ၍(၇၀၀-၈၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)