Main menu

ပုသိမ်မြို့မုန်လာဥနီဈေးကွက်

Powered by Drupal

         မုန်လာဥနီ၏အရောင်မှာ အနီရောင်ဖြစ်ပြီး အရသာမှာ ချိုပါသည်။ မုန်လာဥနီကို တို့စရာအဖြစ်လည်းကောင်း၊ ကြော်စားခြင်းနှင့် သုပ်စားခြင်းအပြင် ဖျော်ရည်အဖြစ်လည်းကောင်း အမျိုးမျိုးပြု လုပ်စားသုံးနိုင်ပါသည်၊ မုန်လာဥနီတွင် ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် မျက်စိအမြင်အာရုံကြည်လင်စေရန် များစွာအထောက်အကူပြုပါသည်။ ကြက်မျက်သင့် ရောဂါခံစားနေရသူများ၊ ကွန်ပျူတာနှင့် အလုပ်လုပ်နေရသူများအနေဖြင့် မုန်လာဥနီကို များများစားသုံး ပေးသင့်ပါသည်။ ဗီတာမင်စီလည်း ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး အအေးမိခြင်း၊ ရောဂါပိုးအလွယ်တကူဝင်ရောက်ခြင်းများမဖြစ်အောင် ကာကွယ်ပေးပါသည်။

           ထို့ပြင် မုန်လာဥနီမှာ ဟင်းသီးဟင်းရွက်အမျိုးအစားများအနက် တစ်မျိုးဖြစ်ပါသည်။ မုန်လာဥနီ(၁)ပိဿာလျှင်(၉၀၀၀)ကျပ်မှ(၁၀)သားလျှင်(၁၀၀၀)ကျပ်ရရှိကြောင်းပုသိမ်ဈေးကွက်မှ သိရပါသည်။

DOCA(ဧရာဝတီ)