Main menu

မကွေးမြို့ပေါ်‌ရှိ အိမ်သုံးဆေးဝါးများ စျေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

         ယခုမိုးရာသီကာလတွင် ရာသီတုပ်ကွေးများနှင့် ကလေးငယ်များတွင် သွေးလွန်တုတ်ကွေး ရောဂါများ ဖြစ်ပွားလျှက်ရှိရာ မကွေးမြို့ရှိ ဆေးဆိုင်များတွင် ဖျားနာမှုအတွက်  အဓိကဝယ်ယူလျှက်ရှိကြသော အိမ်သုံးဆေးဝါးများနှင့် အိမ်သုံးအားဆေးများမှာ ဇူလိုင်လ နောက်ဆုံးပတ်မှ ဩဂုတ်လ ဒုတိယအပတ်အထိ ‌ဒေါ်လာစျေးနှုန်းများ မြင့်တက်မှုနှင့်အတူ ဆေးဝါးစျေးနှုန်းများမှာ မြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

         မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်း ဖြစ်ပေါ်လျှက်ရှိသော အိမ်သုံးဆေးဝါးများနှင့် အိမ်သုံးအားဆေးများ၏ စျေးနှုန်းများမှာ Decogin (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်(၉၆၀)ကျပ်၊ ယခု(၁၁၅၀)ကျပ်၊ Biogesic (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်(၆၀၀)ကျပ်၊ ယခု(၈၀၀)ကျပ်၊ Amoxacillin အလုံး(၁၀၀)ပါတစ်ဗူးလျှင်  ယခင်(၂၆၀၀)ကျပ်၊ ယခု(၂၈၀၀)ကျပ်၊ Cetrine (၁၀)လုံးပါ တစ်ကဒ်လျှင် ယခင်(၁၅၀)ကျပ်၊ ယခု(၂၀၀)ကျပ်၊ ဓါတ်ဆား(MPF)တစ်ထုတ်လျှင် ယခင်(၂၅၀)ကျပ်၊ ယခု(၃၀၀)ကျပ်၊ Flemex (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်(၁၄၀၀)ကျပ် ၊ ယခု(၂၆၀၀)ကျပ်၊ Solmux (၄)လုံးပါ တစ်ကဒ်လျှင် ယခင်(၉၀၀)ကျပ်၊ ယခု(၉၅၀)ကျပ်၊ Alexal (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်(၁၄၀၀)ကျပ်၊ ယခု(၁၅၅၀)ကျပ်၊ Mexagrip (၄)လုံးပါတစ်ကဒ် လျှင် ယခင်(၄၁၀)ကျပ်၊ ယခု(၅၀၀)ကျပ်၊ Enorvonc (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်(၂၈၅၀) ကျပ်၊ ယခု(၃၃၀၀)ကျပ်၊ Oramin-G (၆)လုံးပါတစ်ကဒ်လျှင် ယခင်(၂၁၇၀)ကျပ်၊ ယခု(၂၃၀၀) ကျပ်၊ Becozine (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်(၂၅၅၀)ကျပ်၊ ယခု(၃၀၅၀)ကျပ်၊ Vitahome (၁၀)လုံးပါတစ်ကဒ်လျှင်ယခင်(၁၁၅၀)ကျပ်၊ ယခု(၁၃၀၀)ကျပ်၊ Vitacee (၁၅)လုံးပါ တစ်ကဒ်လျှင် ယခင်(၃၁၀၀)ကျပ်၊ ယခု(၃၃၅၀)ကျပ်စျေးနှုန်းများဖြင့် အသီးသီးမြင့်တက်လျှက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(မကွေး)