Main menu

MISTI နှင့် Huawei တို့သည် AI R&D နှင့် နည်းပညာဖွံဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်

Powered by Drupal

     စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီး Hem Vanndy သည် Huawei မှ ကိုယ်စားလှယ်အဖွဲ့နှင့် ဉာဏ်ရည်တု (AI) သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး၊ ကမ္ဘောဒီးယားနိုင်ငံ၏ အနာဂတ် နည်းပညာဆိုင်ရာ လုပ်သားအင်အား ပြုစုပျိုးထောင်ရေးတို့ကို ဆွေးနွေးမှုများပြုလုပ်ခဲ့ကြ ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အစည်းအဝေးအတွင်း Huawei ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံရှိ စက်မှု လုပ်ငန်းများကို ပြောင်းလဲနေပြီဖြစ်သော AI အပလီကေးရှင်းများစွာကို ပြသခဲ့ကြသည်။  AI ကို အသုံးပြုပုံနှင့် တစ်ချိန်ကမဖွံ့ဖြိုးသေးသော Quizhou ပြည်နယ်၏အောင်မြင်မှုကို ရှင်းလင်းပြ ခဲ့ပြီး ယခုအခါ ဒေတာစင်တာများနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများတွင် မဟာဗျူဟာ မြောက် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ပြန်လည်အသက်ဝင်လာကြောင်းကိုလည်း ကိုယ်စားလှယ် အဖွဲ့မှ မျှဝေခဲ့သည်။ Huawei သည် ကမ္ဘောဒီးယား၏ ဒစ်ဂျစ်တယ်နှင့် ဆန်းသစ်တီထွင်မှုဖြင့် စီးပွားရေးအသွင်ကူးပြောင်းရေးကို ပံ့ပိုးပေးရန် အခိုင်အမာကတိကဝတ်ပြုထားပြီး MISTI နှင့် နားလည်မှုစာချွန်လွှာ (MoU) ကို အဆိုပြုခဲ့ကြသည်။ ကမ္ဘောဒီးယား တော်ဝင်အစိုးရသည် အမျိုးသားသုတေသနနှင့် ဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းပြီးလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် ကဏ္ဍစုံဆန်းသစ်တီထွင်မှုမြှင့်တင်ရန် အမျိုးသားသုတေသန ဖောင်ဒေးရှင်းကို ဖန်တီး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး Vanndy မှ ပြောကြားခဲ့သည်။

Source : Khmer Times

DOCA(ရန်ကုန်)