
ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း မိမိတို့ တောင်ယာများအတွင်း စိုက်ပျိုးပြီး ထွက်ရှိသည့် သရက်သီးများကို အခြားဒေသများသို့ ပို့ဆောင်ရောင်းချရန် အဆင်မပြေသည့်အတွက် မိမိဒေသတွင်သာ R2E2 သရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
R2E2 သရက်သီးမှည့်သည် အခြားသရက်သီးများထက် အလုံးအရွယ်အစား ပိုကြီးထွားပြီး အမျှင်မပါဘဲ အသားကအိအိလေးဖြစ်ပြီး အချိုဓါတ်နည်းတာကြောင့် ဆီးချိုသမားများ စားသုံးရန်အတွက် သင့်တော်သော သရက်သီးဖြစ်ကြောင်း R2E2 သရက်သီးသည် အခြားသရက်သီးများထက် နောက်ကျပြီး သီးသောကြောင့်ရှားပါးချိန်တွင် ရောင်းရသည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း ရောင်းချလျက်ရှိသည့် R2E2 သရက်သီးမှည့် ဈေးနှုန်းများမှာ R2E2 သရက်သီးမှည့် အကြီး တစ်လုံး လျှင်(၁၈၀၀/၂၀၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင်(၁၂၀၀/၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် သရက်ခြံပိုင်ရှင်ထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)