
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိကြောင်း သိရသည်။
အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကားရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲသား) လက္ကားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားရှယ် (တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း)လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အမဲသား အတိုအစ တစ်ပိဿာ(၆၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အမဲအူ တစ် ပိဿာလျှင်(၅၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းအမဲသားသည် ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)