
ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များအပြင် အခြားဒေသမှ ဝင်ရောက် သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ မိမိတို့ဒေသထွက် တောအစားအစာဖြစ်သည့် ဟင်းကြွက်နားတောင်းရွက်ပြုတ်နှင့် ငရံ့ပလူရွက်ပြုတ်တို့ကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။
ဟင်းကြွက်နားတောင်းရွက်နှင့် ငရံ့ပလူရွက်တို့သည် ရာသီပေါ်သီးနှံဖြစ်ပြီး မြန်မာထမင်းဝိုင်းများတွင် ထမင်းမြိန်စေသည့် အရွက်တစ်မျိုးလဲဖြစ်ပါသည်။ ဟင်းကြွက်နားတောင်းရွက်နှင့် ငရံ့ပလူရွက်တို့ကို ငပိဆီချက်၊ မြေပဲဆံထောင်းတို့ဖြင့် သုပ်၍သော်လည်းကောင်း ငပိရည်ဖြင့်တို့စား၍သော်လည်းကောင်း စားသုံးရာတွင် လူကြိုက်များသည့် အရွက်တစ်မျိုးဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့် ဟင်းကြွက်နားတောင်းရွက် ဈေးနှုန်းမှာ ဟင်းကြွက်နားတောင်းရွက်ပြုတ်(၁) ပိဿာလျှင် (၄၅၀၀)ကျပ် ၊(၁၀)ကျပ်သား (၁)လုံးလျှင်(၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့်လည်းကောင်း ငရံ့ပလူရွက် ဈေးနှုန်းမှာ ငရံ့ပလူရွက် တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)