Main menu

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသော ပန်းကုံးဈေးနှုန်းများ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ၂၀၂၅ခုနှစ်၊ဇူလိုင်လ တတိယ ပတ်တွင်ရောင်းချလျက်ရှိသော ပန်းကုံးဈေးနှုန်းများမှာ ဇွန်ပန်း(၁)ကုံးလျှင်(၃၅၀)ကျပ်၊ ဇွန်ပန်း(၃) ကုံးလျှင် (၁၀၀၀)ကျပ်၊ စံပယ်ပန်း(၁)ကုံးလျှင်(၁၀၀)ကျပ်၊ စံပယ်ပန်း(၅)ကုံးလျှင်(၅၀၀)ကျပ်၊ ခရေပန်း(၁)ကုံးလျှင် (၃၀၀)ကျပ်၊ ခရေပန်း(၂)ကုံးလျှင် (၅၀၀)ကျပ်၊ စကားဖြူ၊စကားဝါပန်း(၁)ကုံး လျှင်(၃၀၀)ကျပ်၊ စကားဖြူ၊ စကားဝါပန်း(၂)ကုံးလျှင်(၅၀၀)ကျပ်၊  ရွှေပန်း၊ငွေပန်း(၁)ကုံးလျှင် (၁၀၀)ကျပ်၊ရွှေပန်း၊ငွေပန်း(၅)ကုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထိုပန်း ကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ အမျိုးသမီးများအလှပန်ရန်အတွက်လည်း ကောင်း၊ကားများ၊ ဈေးဆိုင်များတွင် သဘာဝပန်းအလှများ ချိတ်ဆွဲရန်အတွက်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။