Main menu

မြန်မာ့ရိုးရာ အစားအစာမုန့်ပြားသလက်

Powered by Drupal

မုန့်ပြားသလက်သည် မြန်မာ့ရိုးရာအစားအစာဖြစ်သည့် မုန့်ပြားသလက်ကို လူမျိုးဘာသာ မရွေးစားသုံးကြသော အစားအစာဖြစ်သည်။ ဆန်ကို အခြေခံပြီးပြုလုပ်သည့်အတွက် ကျန်းမာရေး နှင့်ညီညွတ်ပြီးဘေးဥပါဒ်အန္တရာယ်ကင်းရှင်း၍ လူတိုင်းကြိုက်နှစ်သက်သော အစားအစာတစ်မျိုးဖြစ် သည်။   မုန့်ပြားသလက်တွင် အဖြူနှင့်အနီရှိပြီး မုန့်ပြားသလက်အနီမှာ ထန်းလျက်ရည်နှင့်ပြုလုပ်ပြီး အဖြူမှာ စားတော်ပဲ၊ နံနံပင်၊ ခရမ်းချဉ်သီးတို့ ပါဝင်ပါသည်။ ကြက်ဥမုန့်ပြားသလက်ကို ကြက်ဥထည့် ပြီးကျန်သည့် အစာများလည်းပါဝင်ပါသည်။ကန့်ဘလူမြို့၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ် အတွင်းရောင်းချလျက်ရှိသော မုန့်ပြားသလက်အဖြူနှင့် အနီဈေးနှုန်းမှာ (၁)ခုလျှင် (၂၀၀)ကျပ်၊ ကြက်ဥမုန့်ပြားသလက်ဈေးနှုန်းမှာ (၁)ခုလျှင် (၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မုန့်ပြားသလက်သည် အာဟာရဖြစ်သောမုန့်တစ်မျိုးဖြစ်သဖြင့် ကလေး၊လူကြီးမရွေးကြိုက်နှစ်သက်သောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)