
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ နှင်းသီး(ခေါ်)လေချူသီးပင်၊ မန်ကျည်းသီးပင်နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နှင်းသီး(ခေါ်) လေချူသီးများကို ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နှင်းသီး(ခေါ်) လေချူ သီး ဈေးနှုန်းများမှာ နှင်းသီး(ခေါ်)လေချူသီးလက္ကား တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ နှင်းသီး(ခေါ်) လေချူသီးလက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ နှင်းသီး(ခေါ်)လေချူသီး (၅၀) ကျပ်သားလျှင် (၁၂၀၀၀)ကျပ်နှင့် နှင်းသီး(ခေါ်)လေချူသီး (၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)