
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် သစ်ပင်သစ်တောများ ထူထပ်စွာပေါက် ရောက်လျက်ရှိရာ ဒေသနေ တောင်သူများမှာ လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့်အပြင် ပျားရှာ၊ ပျားဖွတ်ခြင်းလုပ်ငန်းကိုပါ လုပ်ကိုင်ကြကြောင်း သိရသည်။
ဒေသတွင်း ထွက်ရှိသော ပျားရည်များမှာ ဆေးဖက်ဝင်ပြီး အနံ့အရသာနှင့် ပြည့်စုံသောကြောင့် ဒေသထွက်ပျားရည်စစ်စစ်များကို စားသုံးရန်၊ လက်ဆောင်ပေးရန်၊ စားသောက်ကုန်များနှင့် အလှကုန်များတွင် ထည့်သွင်းအသုံးပြုရန်အတွက် ဝယ်ယူသူများပြားလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ပျားရည်ပုလင်းအသေး(၁)ပုလင်းလျှင်(၁၀၀၀၀)ကျပ်၊ ပျားရည်ပု လင်းအကြီး(၁)ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)