Main menu

ထန်းတပင်မြို့နယ်ရှိ ကြည်သာဉီးဖက်ရှင်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           (၁၆.၇.၂၀၂၅)ရက်နေ့ ညနေ(၀၃:၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဉီးဇော်မြင့်၊ ဒုကြီးကြပ်ရေးမှူးသည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထန်းတပင်မြို့နယ်၊ အစုကြီးရပ်ကွက်၊ ရန်ကုန်-ပုသိမ် လမ်းမပေါ်ရှိ ကြည်သာဉီးဖက်ရှင်ဆိုင်သို့ သွားရောက်၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ကြည်သာဉီးဖက်ရှင်ဆိုင်မှ ရောင်းချလျက်ရှိသော အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသောလုပ်ငန်းများ မှတ်ပုံတင် လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း မြေပြင်တွင် လုပ်ငန်းအမှန်တကယ်ရှိ/ မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအတိုင်းရှိ/ မရှိတို့အား မေးမြန်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍လည်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)