Main menu

လှည်းကူးမြို့နယ်ရှိ၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦးသည် (၁၇.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် လှည်းကူးမြို့နယ်ရှိ မြို့မဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့မဈေးအတွင်းရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်းစသည့်ဆန်များ၏ဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်နှင့် စားသုံးပြည်သူများ အခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန် ဆန်များကို သိုလှောင်ထားခြင်း မပြုကြရန် အသိပညာပေးပြောကြားခဲ့ရာ ဆိုင်များလည်း သတ်မှတ်ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)