Main menu

ဒေသတွင်းအသားရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

           ၁၁-၈-၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဂွမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများပူးပေါင်း၍ စားသုံးသူ များဘေးအန္တရာယ် ကင်းရှင်းစွာသုံးစွဲနိုင်ရေး ဒေသတွင်းအသားရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းကို ဂွမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် မွေး/ကုမြို့နယ်ဦးစီးအရာရှိမှ အသားများရောင်းချရာတွင် လိုက်နာ ရမည့်အချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စည်ပင်အမှုဆောင် အရာရှိမှ လုပ်ငန်းလိုင်စင်ရယူခြင်း၊ သန့်ရှင်းလတ်ဆတ်သောအသားများထုတ်လုပ်ရောင်းချကြရန်၊ အလေး ချိန်နှင့်ဈေးနှုန်းများ မှန်ကုန်စွာရောင်းချကြရန် စံချိန်စံညွန်းနှင့်အညီ အသားထုတ်လုပ် ဖြန့်ဖြူး ရောင်းချကြရန်နှင့် ကိုက်ညီမှုမရှိပါက စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဂွမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာကျင့် သုံးရမည့်တာဝန်များ၊ လုပ်ငန်းရှင်များဖြန့်ဖြူးရောင်းချသည့် ကုန်စည်၏အရည် အသွေး၊ အချိန်အတွယ် ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ နှင့်ပတ်သက်၍ အာမခံချက်ပေးရန် အကယ်၍ မိမိထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်အား ဖောက်ဖျက်ခဲ့သည်ရှိသော် စားသုံးသူမှတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ လုပ်ငန်းရှင်ဘက်မှ တာဝန်ယူဆောင်ရွက်ရမည့်အချက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။

DOCA(ရခိုင်)