
ပဲပြားဟာ ဈေးသက်သာ၍လွယ်ကူစွာပြုလုပ်စားသုံးနိုင် ပါသည်။ သားသတ်လွတ်စားသူများအတွက် အသားဓာတ်ကိုပဲပြားကရရှိနိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်ကို မချို့တဲ့အောင် ပဲပြားကကာကွယ်ပေးပါသည်။ ပဲပြားမှာ ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး ပရိုတိန်း ဓာတ်တော်တော်များများ ပါဝင်ကြောင်းသိရပါသည်။ တရုတ်ရိုးရာဆေးပညာမှာပဲ ပြားဟာ ခန္ဓာကိုယ်ထဲရှိ အဆိပ်တွေကိုထုတ်ပေးနိုင်စွမ်းရှိသည် ဟုသိရပါသည်။ ပဲပိစပ်ကို သုံးပြုပြီး ဆင့်ဆင့်ကျိုချက်၍ ပဲပြားကိုရရှိပါသည်။ ပဲပြားကိုကြော်ကာ အစာသွပ်၊ ပဲပြားသုပ်၍လည်းမိမိစိတ်ကြိုက် အမျိုးမျိးပြုလုပ်စားသုံးနိုင်သည်။ ၂၀၂၅ခုနစ်၊ ဇူလိုင်လ၊ တတိယပတ် အတွင်းမုံရွာမြို့ နန္ဒဝန်စျေးတွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းမှာ တစ်တုံးလျှင် (၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)