
အိမ်တိုင်းတွင် မရှိမဖြစ်သုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များရှိသည့်အနက် နနွင်းမှုန့်သည်လည်း အရေးပါခဲ့သည်။ နနွင်းမှုန့်ကို ဟင်းချက်ရာတွင်သာမက ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်။ နနွင်းမှုန်သည် အဆစ်အမြစ်ကိုက်ခဲခြင်း၊ လေးဘက်နာရောဂါ၊ ရင်ပူခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောင်ရမ်းခြင်း အစရှိသည့်ရောဂါများအတွက် အထောက်အကူပြုပါသည်။
နနွင်းပင်ကို တောင်ယာမြေတွင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် နှစ်ရှည်ပင်များဖြစ်သော သရက်ပင်၊ လျှော်ဖြူပင် စသည့်အရိပ်ရသောအပင်များအကြားတွင်စိုက်ပျိုး ကြသည်။ န နွင်းပင်မှ နွင်းဖူးများကိုလည်း လူကြိုက်များသဖြင့် ခူးဆွတ်ရောင်းချ နိုင်ပါနိုင်ပါသည်။
၂၀၂၅ခုနစ်၊ ဇူလိုင်တတိယ အပတ်အတွင်း မုံရွာမြို့အတွင်းရောင်းချနေသော နနွင်းတက် စျေးနှုန်းများမှာ ၁ ဆယ်သားလျှင် (၁,၀၀၀) ကျပ်နှုန်း၊ ၁ ပိသာလျှင် (၁၀,၀၀၀) ကျပ်နှုန်း ဖြင့် ရောင်းချလျက်ရှိပါသည်။နနွင်းကျိတ်သား အစစ်မှုန့်စျေးနှုန်းမှာ ၁ ဆယ်သားလျှင် (၁၅၀၀) ကျပ် နှုန်း၊ ၁ ပိသာလျှင် (၁၅,၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စုံဆိုင်များထံမှ သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)