
မြင်းခွာရွက်သည် ကလေး၊ လူကြီးမရွေးစားသုံးသင့်ပါသည်။ မြင်းခွာရွက်သည် အာရုံကြောဆိုင်ရာရောဂါမျာကိုကာကွယ်ပေးခြင်း၊ မှတ်ဥာဏ်တိုးတက်စေခြင်း၊ သွေးလည်ပတ် မှုအားကောင်းစေခြင်း၊ သွေးထဲမှသကြားဓာတ်ကိုထိန်းပေးနိုင်ခြင်း၊ စိတ်ဖိစီးမှုကိုတိုက်ဖျက်ပေးနိုင်ခြင်း စသည့်ရောဂါများကို ကုသပေးနိုင်ကြောင်း သိရပါသည်။
မြင်းခွာရွက်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်မြေအမျိုးအစားတွင် အများအပြား ပေါက်တတ်သည်။ အိမ်များတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချ၍ ဝင်ငွေရရှိလျက်ရှိပါသည်။ဇူလိုင်လ၊ တတိယပတ်အတွင်း မုံရွာမြို့အတွင်းရောင်းချလျက်ရှိသော မြင်းခွာရွက်ဈေး နှုန်းမှာ ၅ ကျပ်သားလျှင် (၅၀၀) ကျပ်နှုန်း၊ ၁၀ကျပ်သားလျှင်(၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း စျေးရောင်းသူများထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)