Main menu

ဓနုဖြူမြို့နယ် သမာဓိဆန်စက်သို့ ဆန်ကြိတ်ခွဲမှုနှင့် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၄-၇-၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ရန်ကုန်-ဟင်္သတကားလမ်း ဓနုဖြူမြို့နယ် သမာဓိဆန်စက် သို့သွားရောက်၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်ကြိတ်ခွဲဖုတ်လုပ်မှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့နယ် သမာဓိ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲလည်ပတ်နေမှု လုပ်ငန်းခွင်ကို ကြည့်ရှုခဲ့ပြီး ဆန်စက်တွင် စပါး ၂၀၀၀-၃၀၀၀ကြားတွင် ရှိပြီး နဝလီကြိတ်ခွဲခြင်းသာဖြစ်၍ စပါးကြိတ်ခွဲစဉ် တစ်နေ့ ဆန်တန် ၂၀ကြိတ်ခွဲနိုင်ပြီး ဆန်အိတ် ၄၀ခန့်ထွက်ရှိ ကြောင်းသိရှိရပြီး မြို့နယ်ဦးစီးမှူးက ဆန်စက်သိုလှောင်ရုံ စပါးဆန် မှတ်ပုံတင် အခြေအနေများကို စစ်ဆေးပြီး MyRo သက်တမ်းပြည့်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်နိုင်ရန်နှင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထား သည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား ဖြည့်သွင်းပေးနိုင်ရေးနှင့် လစဉ် လဆန်း (၁)ရက်နေ့မှ ရ ရက်အတွင်း Update ပြုလုပ်နိုင်ရေးကို သိရှိနိုင်ရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)