Main menu

ပန်းတနော်မြို့နယ် စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းများအား ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်း (၁၀)တိုင်အား (၁၄-၇-၂၀၂၅)ရက် နံနက်ပိုင်းက ဒုတိယအကြိမ် ဇူလိုင်လအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့​ပူးပေါင်း၍ ပန်းတနော်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ အစားသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများသို့ ကွင်းဆင်းစစ် ဆေးရာ မေလက စစ်ဆေးဆောင်ရွက်ချက်များအရ မှာကြားခဲ့သော၊ အစားအသောက်ချက်ပြုတ်ရာအခန့်များ သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ထားရှိမှုရှိ/ မရှိ၊ စားသုံးသူများ ဈေးနှုန်းကို ကြိုတင်အသိပေးကြေငြာထားမှုရှိ/ မရှိကို စစ်ဆေးခြင်း၊ စားသုံးသူများအတွက် အခွန်အခပါအဝင် ကြိုတင်သတင်းအချက်အလက် ကြေငြာဆောင်ရွက်ထားရှိမှုရှိ/ မရှိကို စစ်ဆေးခြင်းများကို မှာကြားပြောကြားခဲ့ပြီး ဒုတိယအကြိမ်စစ်ဆေးသည့်အခါ လိုက်နာဆောင်ရွက်မှုရှိ/ မရှိကို စစ်ဆေးခဲ့ပြီး စားသောက်ဆိုင်များက  လိုက်နာဆောင်ရွက်ထားကြောင်း တွေ့ရှိရပြီး၊ စားသောက်ဆိုင်များမှ စွန်ပစ်ပစ္စည်းများကို အမှိုက်ပုံး ၄မျိုးခွဲခြားပြီး စွန်ပစ်ခြင်းမျိုးပြုလုပ်ထားရန် ထပ်မံမှာကြားခဲ့ကြောင်းနှင့်  စားသုံးသူပြည်သူများ သန့်ရှင်းလက်ဆက်သော အစားအသောက်များ ဖြစ်စေရေး၊ စားသောက်ဆိုင်သုံးပစ္စည်းများ သန့်ရှင်းမှုရှိစေရေးနှင့် သက်တမ်းလွန်ပစ္စည်းများ အသုံးမပြုစေရေးအတွက် အသိပညာပေးပြောကြားကာ စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)