
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၅-၇-၂၀၂၅)ရက်နေ့ နံနက်ပိုင်း ဓနုဖြူမြို့၊ အချိုရည် လက်ကားဆိုင်များဖြစ်သော ချမ်းသာကြီးဆိုင်၊ အောင်မျိုးဦး အချိုရည် လက်ကားဆိုင်၊ လက်ကီးဆိုင်၊ မျိုးမြင်ဆိုင်၊ ဝင်ဦး ဆိုင်၊ အသင့်သောက်အချိုရေ လက်လီအရောင်းဆိုင်(၅) စုစုပေါင်း(၁၀)ဆိုင်မှ ရောင်းချနေသောအသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်ညွှန်းအမှတ် အသားများပြည့်စုံစွာ ဖေါ်ပြထားမူရှိမရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာသို့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိမရှိ၊ သက်ဆိုင်ရာထောက်ခံချက် ခွင့်ပြုချက်ပါဝင်မှုရှိ/ မရှိ၊ FDA တားမြစ်အချိုရည်များရောင်းချမှု ရှိမရှိများအားစစ်ဆေးရာ ရောင်းချနေသော အချိုရည်အမျိုးမျိုးတွင် ထောက်ခံချက်အမှတ်၊ ထုတ်လုပ်သည့် နေရပ်လိပ်စာ၊ ထားသိုပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ အချိုရည်ပါဝင်မှုပမာဏ (ML)၊ အချိုရည် အမှတ်တံဆိပ်အမျိုးအမည်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံရက်စွဲများကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် စနစ်တကျဖော်ပြပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)