Main menu

မင်းဘူးမြို့၊ မြို့မဈေး၌ ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့မဈေး၌ ကြက်သွန်ဖြူ(ရှမ်း/ဗမာ)မျိုးကို မကွေးပွဲရုံနှင့် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ကြက်သွန်ဖြူရှမ်းဥ()ပိဿာလျှင် ကျပ်(၁၁၀၀၀)၊  ကြက်သွန်ဖြူဗမာအကြီးအသေး()ပိဿာလျှင် ကျပ်(၆၀၀၀-၇၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ဒုတိ ယပတ်)တွင် ကြက်သွန်ဖြူရှမ်းဥ()ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်ဖြူဗမာ အကြီး အသေး ()ပိဿာလျှင် ကျပ်(၅၀၀၀)ဖြစ်၍ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀-၂၀၀၀)ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်သယ်ယူစရိတ်မြင့်မား၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)