Main menu

ပခုက္ကူဈေးကွက်တွင် ပဲစဉ်းငုံသီးနှံ ဈေးမြင့်တက်အရောင်းအဝယ်ဖြစ်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ဇွန်လ(ဒုတိယပတ်)တွင် ပဲစဉ်းငုံ သီးနှံများ ဈေးပြန်လည်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ သီးနှံ ပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပဈေးကွက် ဝယ်လိုအားနည်း၍ ဈေးအေးပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံသီးနှံ ကို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည်ဖြန့်ဖြူးမှုများကြောင်း၊ ဇူလိုင်လ(တတိယပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီပိဿာ(၃၀) ဝင်အိတ်(၄၀၀-၇၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

 ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၈၆၀၀၀-၈၅၀၀၀)ဖြင့်ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်လ(တတိယပတ်)တွင် ဈေးဆက်လက် မြင့်တက်၍ ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၈၈၀၀၀-၈၅၀၀၀)ဈေးဖြင့် ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူ ဈေးကွက် သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပပို့ကုန်ပဲတစ်မျိုးဖြစ်၍ ဈေးကွက်ဝယ်လိုအားပေါ်မူတည်ပြီး နေ့စဉ် နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)